နီကိုတင်းဓာတ်ပါသော ပီကေများ များများ
စားခြင်းသည် ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေကို တိုးတက်လာစေကြောင်း ဆရာဝန်များက သတိပေးလိုက်သည်။
ဆေးလိပ်နှင့် စီးကရက်များတွင် ထည့်သွင်း
လေ့ရှိသည့် နီကိုတင်းဓာတ်ကို ပီကေများ
အတွင်း ထည့်သွင်းထားလေ့ရှိတတ်ပြီး ထို
ပီကေများကို အလွန်အကျွံစားပါက ခံတွင်း
ကင်ဆာ ဖြစ်ပေါ်နိုင်မည့် အန္တရာယ်မှာ တစ
ထက်တစ များပြားလာမည်ဟု လန်ဒန်တက္က
သိုလ်မှ ဒေါက်တာမိုင်တက်ခ်တားက ပြော
ကြားခဲ့သည်။ နီကိုတင်းနှင့်အတူ ရောနှောပါဝင်နေလေ့ရှိသည့် ကတ္တရာဓာတ်နှင့် အခြားဓာတုဓာတ်ပေါင်းများ
ကလည်း ခံတွင်းကင်ဆာဖြစ်စေသည့် FOXM1ဆိုသည့် ဗီဇဆဲလ်များကို လှုံ့ဆော်ပေးကြောင်း ဒေါက်တာတား
က ရှင်းပြသည်။ ၎င်းသည် နှစ်ရှည်လများ ပီကေဆွဲစားနေသည့် လူနာ(၇၅)ဦးကို လေ့လာကြည့်ခဲ့ရာ ၎င်းတို့
ခန္ဓာကိုယ်ရှိ ခံတွင်းကင်ဆာကို ခုခံနိုင်သည့် ကိုယ်ခံစွမ်းအားများ ပျက်စီးသွားချိန်တွင် အသစ်တစ်ဖန် အစားထိုး
မှုမှာ သိသိသာသာ လျော့နည်းနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေါက်တာတားက ဆိုသည်။
အချို့သည် ဆေးလိပ်ဖြတ်သည့်အနေနှင့် ပီကေကို အစားထိုး စားလေ့ရှိကြောင်း၊ ထိုအခြေအနေကို ကြာ
မြင့်စွာ ပြုလုပ်ခြင်းက အဆုတ်ကင်ဆာအစား ခံတွင်းကင်ဆာ ဖြစ်အောင်လုပ်နေသည်နှင့် အတူတူပင်ဖြစ် ကြောင်း ဒေါက်တာတားက ပြောကြားသွားသည်။ ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူဦးရေ (၅၀၀၀)ကျော်တို့သည် ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားမှုနှင့် ကြုံတွေ့နေရပြီး ဆရာဝန်များက ထိုဖြစ်ရပ်အတွက် အရက်သောက်ခြင်း၊
ဆေးလိပ်သောက်ခြင်းနှင့် ပီကေစားခြင်း အလေ့အထများကို အပြစ်တင်လေ့ရှိသည်။ ယခင်သုတေသနပြုလုပ်မှု ရလဒ်များအရလည်း နီကိုတင်းသည် အကြိတ်များ ကြီးထွားလာမှုကို အားပေးကြောင်း ဖော်ပြထားခဲ့သည်။ Source: DailyMail