Monday, May 18, 2009

နာဆာအဖွဲ့ကြီး၏ အန္တရာယ်အများဆုံး အကာသာခရီးစဉ်



NASA အဖွဲ့သည် သမိုင်းတလျှောက် အန္တရာယ်အများဆုံး Missionအဖြစ် သတ်မှတ်ရမည့် အာကာသလွန်းပျံ
ယာဉ် လွှတ်တင်မှုအဖြစ် မေလ(၁၁)ရက်နေ့က အကာသလွန်းပျံယာဉ် အတ္တလန္တစ်(Atlantis)ကို လွှတ်တင်
လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ လွန်းပျံယာဉ်တွင် နက္ခတ်ဗေဒပညာရှင် (၇)ဦး လိုက်ပါသွားပြီး Hubble အာကာသ မှန်ပြောင်းကြီးကို ပြန်လည်ပြင်ဆင်ရန် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခုMission ကို အမေရိကန် ရေတပ် တိုက်လေယာဉ်မှူးဟောင်း စကော့တ်အော့တ်မန်က ဦးဆောင်သွားမည်ဖြစ်သည်။
အသက်(၄၉)နှစ်ရှိ အော့တ်မန်သည် Top Gunဇာတ်ကားတွင် မင်းသားတွမ်ခရုစ်အတွက် လူစားထိုး လေယာဉ်မောင်းပေးဖူးသည့် နာမည်ကျော် လေသူရဲတစ်ဦးဖြစ်ပြီး ယခုအခါတွင် ကမ္ဘာမြေအထက် မိုင်(၃၅၀)
အကွာရှိ မှန်ပြောင်းကြီး ပြင်ဆင်ရေးလုပ်ငန်းတွင် ခေါင်းဆောင်ရတော့မည်ဖြစ်သည်။ ဒေါ်လာ(၇)ဘီလျံ ကုန်ကျ
သည့် အဆိုပါစီမံကိန်းကြီးအတွက် NASAအနေနှင့် ဒေါ်လာ(၁.၄)ဘီလျံ ထည့်ဝင်ခဲ့ပြီး Hubble မှန်ပြောင်းကြီး
အား ပဉ္စမနှင့် နောက်ဆုံးအကြိမ်အဖြစ် ပြုပြင်ခြင်းလည်းဖြစ်ကြောင်း သိရသည်။
အော့တ်မန်ဦးဆောင်သည့်အဖွဲ့သည် အတ္တလန္တစ်လွန်းပျံယာဉ်နှင့် ထွက်ခွာသွားခြင်းဖြစ်ပြီး ထိုအစီအစဉ် ချွတ်ချော်တိမ်းစောင်းခဲ့ပါက အစားထိုးရန် အန်ဒဲဗားလွန်းပျံယာဉ်ကို အဆင်သင့် ပြင်ဆင်ထားကြောင်း NASA
က ဆိုသည်။ ဖလော်ရီဒါမှ လွှတ်တင်လိုက်သော လွန်းပျံယာဉ်သည် Gyroscopeအသစ်(၆)ခုနှင့် ဘက်ထရီများ
ကို သယ်ဆောင်သွားပြီး ပညာရှင်အဖွဲ့သည် အပူကာ အလွှာတစ်ခုကိုလည်း မှန်ပြောင်းကြီးတွင် တပ်ဆင်သွား
မည်ဖြစ်ကြောင်း သိရှိရသည်။ (၁၉၉၀)ပြည့်နှစ်က အာကာသအတွင်း လွှတ်တင်ခဲ့သည့် Hubble မှန်ပြောင်းကြီး
မှာ သတ်တမ်း(၁၉)နှစ်ရှိခဲ့ပြီဖြစ်ပြီး အာကာသ သုတေသနလုပ်ငန်းများအတွက် အလွန်တန်ဖိုးရှိသည့် ရင်းနှီး
မြှုပ်နှံမှုကြီး ဖြစ်ကြောင်း NASAက ပြောဆိုခဲ့ဖူးသည်။
NASAက ယခုပြင်ဆင်မှု ခရီးစဉ်သည် အလွန်အန္တရာယ်များပြီး အာကာသယာဉ်မှူးများ၏ အသက်
အတွက် စိုးရိမ်စရာများပင် ရှိကြောင်း ၀န်ခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းတစ်လျှောက် အာကာသ
ယာဉ်များ တက်ရောက်ဖူးသည့် အမြင့်ဆုံးအဆင့်မှာ မိုင်(၂၅၀)ထိသာရှိပြီး ယခုလွန်းပျံယာဉ်မှာမူ မိုင်(၃၅၀)
အထိ ထိုးတက်ရသဖြင့်ဖြစ်ကြောင်း NASAက ရှင်းလင်းပြောဆိုခဲ့သည်။ (၁၇)ရာစု နက္ခတ်ဗေဒပညာရှင် ဂယ်
လီလီယို၏ အာကာသမှန်ပြောင်း ပုံစံငယ်နောက်ပိုင်း အကြီးမားဆုံး နက္ခတ်ဗေဒဆိုင်ရာ အောင်မြင်မှုကြီးအဖြစ် သတ်မှတ်ခံထားရသည့် Hubbleမှန်ပြောင်းကြီးသည် ကမ္ဘာကို အကြိမ်ပေါင်း (၉၇၀၀၀)ကျော်မျှ ပတ်ခဲ့ပြီးဖြစ်
ကာ မိုင်ပေါင်းဘီလျံနှင့်ချီ ပျံသန်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် နက္ခတ်ဗေဒပညာရှင်များအတွက် အလွန်အသုံးဝင်
သည့် ဓာတ်ပုံပေါင်း (၆၀၀၀၀၀)ကျော်ကိုလည်း NASAသို့ ပြန်လည်ပေးပို့ထားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 
SourceDailyMail