တရွေ့ရွေ့နဲ့
ဟောင်းနွမ်းလို့လာတဲ့ နေ့စွဲရယ်
နှစ်ချို့မြစ်ကျဉ်းငယ်ရဲ့ နိမိတ်ပုံအတိုင်း
စိတ်ဓာတ်တွေ တမြေ့မြေ့ ခြောက်ခန်းခဲ့ရြ့ပီ။
ဒီကွေ့မှာ ဒီတက်နဲ့
နှစ်ချို့မြစ်ကျဉ်းငယ်ရဲ့ နိမိတ်ပုံအတိုင်း
စိတ်ဓာတ်တွေ တမြေ့မြေ့ ခြောက်ခန်းခဲ့ရြ့ပီ။
ဒီကွေ့မှာ ဒီတက်နဲ့
ဟိုကွေ့မှာ ဟိုတက်နဲ့
လှော်ခတ်ရုန်းကန်ရင်း
လှော်ခတ်ရုန်းကန်ရင်း
သောင်ထွန်းတဲ့ သဲပြင်မှာ
နစ်မွန်းရတော့မှာလား ဘ၀တွေက.... ။
ဘယ်သူမှ မတိုက်တွန်းဘဲ
ကွေကွင်းမှုပေါင်း သောင်းခြောက်ထောင်နဲ့
ရင်ဆိုင်ခဲ့ရတဲ့ ဒီစိတ်
Over Time ထဲ နစ်မောရင်း
ရောင်စုံလင်းတဲ့ သွပ်မိုးအောက်မှာ
ကြယ်ရောင်နဲ့လမင်း ပျောက်ဆုံးခဲ့ကြရတယ်...... ။
လူအပြောင်းလဲ ကြေးပြောင်းလဲနဲ့
ပုံသေ၀င်ငွေထက် ပိုနိုင်ခဲတဲ့ ဒီဒုက္ခလစာအောက်
ဘယ်သူတွေ ဘယ်နှစ်ယောက်ထိ
လကုန်ရက်တိုင်း ကြိတ်မှိတ်ငိုကြွေးနေကြရပြီလဲ..... ။
“ခေါင်းအပေါ်မှာ သွေးချင်းချင်းရဲနေပါစေ
ဘယ်တော့မှ ဦးမညွှတ်ဘူးဆိုတဲ့ ဗိုလ်ချုပ်ခင်ဗျား...
အလုပ်သမားလျှော့ချနေတဲ့ တိုင်းပြည်မှာ
အဖေ့သားသမီးတွေလေ....
အလုပ်လက်မဲ့ငတ်မွတ်နေကြရလေရဲ့... အဖေ”
အေးဂျင့်တွေကို ဦးညွှတ်လို့
အဘိုးခေါ် အမျိုးတော်ကာ အလုပ်မျှော်နေကြရရှာလေရဲ့...
“အို... အဖ နိုးထကြည့်လှဲ့ပါဗျ...” ။ ။
ဥက္ကာပျံ - ဘီလူးကျွန်း