Wednesday, November 2, 2011

ရောင်တော်ဖွင့်







ရောင်တော်ဖွင့် စာဆို - ရွှေတိုင်ညွန့်
(စိန်ဝဇီ... သိင်္ဂီရောင်သွေး... အစဉ်တွေးပါရ ပကတိမြင်လာမည်... ဘ၀င်
အေးစရာပ... မဏိကဉ္စနာအညီ... ၀တိံဆောင်မှီ... ထိန်ပြောင်ကြည်... စိန်ရောင်ခြည်
နေတနှုံးသို့... ရွှေဘုန်းတော် အသရေ မဆုံးပါတဲ့... သုံးလောက ပရမေအရှင်ကို ရည်
... လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးပူဇော်... ဖူးမျှော်ပါတော့သည်...)
(ရောင်ခြည်တော်တွေ... စုံအညီ... အံ့ဖွယ်ရာချီးကျူးလို့... အထူးမဆုံးတော့
သည်... ၀ါစို ပြာညိုရောင်ခြည် ညို့ညို့မှိုင်းမှိုင်း ရှုတိုင်းလည်း မ၀နိုင်သည်... မြသား
ဣန္နနီ... သိင်္ဂီရောင်အဆင်းလို... စံမယွင်းတူညီ... မှန်ကင်း ဇမ္ဗူဒီ... ဆံတော်ဓာတ်မှာ
ပေါ်ထွက်ပြီ... မျက်တောင်တော်ချီ... မျက်တောင်တော်ဆီ... အံ့ဖွယ်ကောင်းတဲ့... ညို
မောင်းသော ရောင်ခြည်...)
(လက်ယျာနားက ရေအလျှံစီး... လက်ဝဲနားက ရွှေသဏ္ဍာန်မီး... လက်ယျာ
နှာခေါင်းတော်က မြကွန်းဆောင်အညီ... လက်ဝဲနှာခေါင်းတော်က လ၀န်းရောင်ခြည်...
ညိုသောရောင်ခြည်... နီသောရောင်ခြည်... ဖြူသောရောင်ခြည်... ရွှေသောရောင်ခြည်
... ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ရောင်ခြည်တော်တွေ အညီ... ကြည်နူးလို့သာ ဦးခိုက်
မည်... မီး ရေ တောက်ပွား ခြောက်ပါးသော ရောင်ခြည်...)
(ရွှေဘုန်းတော် ရောင်ခြည်... ခြောက်ရောင် ကွန့်မြူးသည်... တန်ခိုးတော်
အနန္တ ပြည့်စုံလှသည်... ဆယ်ဖြာရည်စူး ကြည်နူးသည်... နေ့တိုင်း စွဲမြဲခဲ့သည်... ည
တိုင်း စွဲမြဲခဲ့သည်... ငါးဖြာအဉ္စလီ တင်ချီသမည်... စောဗုဒ္ဓ မြတ်ဘုရား တန်ခိုးတော်
အားနဲ့အညီ... ဖူးမ၀ပြီ... ထူးလှတဲ့ ရောင်စုံခြည်... )
(အံ့ဖွယ်ထူးထူး ကွန့်ကာမြူး... ကြည်နူးဖွယ်ရာ ရှိဦးချီ... နီလ ပီတ လော
ဟိတနဲ့ သြဒါတ စုံညီ... မဉ္ဇိဋ္ဌနဲ့ ပဘဿရ... ယုန်ထက်ငွေ ဂုဏ်ကျက်သရေ စုံညီ...
ကြည်ညိုဖွယ် ကောင်းလေသည်... တကယ့်ကိုပဲ... ပြောင်းနွဲ့လို့... ညိုမောင်းလှပါတဲ့
ရောင်ခြည်တော်တွေသည်... တစ်ရာ့ရှစ်ကွက်ညီ... စက်မြတ်တော်မှသည်... ဆံဖျားတော်
တိုင်အောင် အံ့ဘွယ်ရာဆောင်သည်... သြော်... မြူးကွန့်တင့်တယ်ပါပေသည်... ။ ။)
* * * * * *