ကောလိယနှင့် ကပိလ၀တ်တို့သည် ရောဟိဏီမြစ်ရေကို အားကိုး
ကြ၏။ ထိုသို့လူသားတို့အားကိုးကြသော ဤမြစ်ရေသည် အားကိုး
သော အလေးထားသော လူသားတို့အား တစ်ဖက်နှင့် တစ်ဖက် တိုက်ပွဲဝင်ရန် အသင့်အနေထားဖြင့် တစ်ဖန်ပြန်လည်၍ ခြိမ်း ခြောက်လာ၏။ အေးမြသော ဤ မြစ်ရေသည်၊ ငြိမ်းချမ်းသော
ဤမြစ်ရေသည်၊ သန့်စင်သော ဤမြစ်ရေသည် နှစ်ပြည်ထောင်
ပြည်သူပြည်သားတို့၏ အဇ္ဈတ္တသန္တာန်၌ ဆာလောင်နေသော
လောဘ၀မ်းကို မဖြည်းဆည်းပေးနိုင်တော့။ ပူလောင်နေသော
ဒေါသမီးကို မအေးမြစေနိုင်တော့။ ညစ်နွမ်းနေသော မောဟ
အညစ်အကြေးကို မသန့်ရှင်းစေနိုင်တော့။
လူသားတို့၏သန္တာန်မှာ လောဘမီး တို့ကလည်း ဆူပွက်၊ ဒေါသ
မီးတို့ကလည်း ပေါက်ကွဲ၍ မောဟမီးတို့ကလည်း လောင်မြိုက်၍
သာ နေကြတော့၏။ ဤသို့ဆိုလျင် အသုံးဝင်ပါသည် အကျိုးပြုပါ
သည်ဟုဆိုသော ဤမြစ်ရေသည် ယခုအခါမှာတော့ အသုံးဝင်မှု အကျိုးပြုမှုမပေးနိုင်ရုံမျှမက သက်ရှိလောကနှင့် သက်မဲ့လောက
တို့အား ဆုတ်ယုတ်ပျက်ပြားစေရန်ပင် ဘေးရန်အန္တရာယ်အသွင်
ဖြငြ့်ခိမ်းခြောက်နေ၏။ အေးမြခြင်း သဘောတရားမှ သွေဖည်သွားခဲ့၏။ ငြိမ်းချမ်းခြင်းသဘောမှ မျက်ကွယ်ပြုခဲ့
၏။ အမှန်အားဖြင့် ရေသည် မီး၏ဆန့်ကျင်ဘက် ဖြစ်၏။ ရေများရေနိုင် မီးများမီးနိုင်ဟု ဆိုထားသည် မဟုတ်ပါ
လော့။ ယခု မီးသည် ရေထက်သာလွန်သွားပြီ ဖြစ်၏။ သို့သော် ယင်းမီး ကား လောဘ, ဒေါသ, မောဟဟူသော မီးတို့တည်း။ ရောဟိဏီမြစ်ရေသည် ဤမီးတို့ကို မအေးမြစေနိုင်၊ မငြိမ်းသက်စေနိုင်တော့။ ပကတိမြစ်ရေတို့ဟူ
သည် ပကတိမီးကိုသာ အေးမြစေနိုင်၊ ငြိမ်းသက်စေနိုင်စွမ်းရှိကြ၏။
လူသားတို့သန္တာန်၌ ပေါက်ဖွားလာသော လောဘ, ဒေါသ, မောဟမီးတို့ကိုကား အေးမြရန်၊ ငြိမ်းသက်ရန်
စွမ်းနိုင်ကြမည် မဟုတ်ချေ။ ထို့ကြောင့်လည်း လူသားတို့၏ သန္တာန်မှပေါက်ဖွားလာသော လောဘ, ဒေါသ,
မောဟမီးတို့ကို ပေါက်ဖွားလာသူ လူသားတို့ကိုယ်တိုင်ပင် ငြိမ်းသက်မှ အေးငြိမ်းမည် ဖြစ်သည့်အကြောင်းကို "ရေကြောင့် ဖြစ်ပေါ်လာသော ရွှံညွန်ုကို ရေဖြင့် ဆေးကြောစင်ကြယ်ရသကဲ့သို့ စိတ်ကြောင့် ဖြစ်ပေါ်လာသော လောဘ, ဒေါသ, မောဟ-ဟူသော စိတ်အညစ် အကြေးတို့ကို စိတ်ဖြင့်ပင် ဆေးကြောစင်ကြယ်စေကြရမည်"ဟု ပါဠိတော်များ၌ တွေ့ရှိကြရခြင်း ဖြစ်၏။
"ရောဟိဏီမြစ်မှ ဖြတ်သန်းစီးဆင်းသွားသော ငြိမ်းချမ်းရေးစကားလုံးများ"မှ ကောက်နုတ်ဖော်ပြပါသည်။