နာဂစ်ဒဏ်ကြောင့် ပြိုလဲပျက်စီးသွားသောသစ်ပင်ကြီးများကို ထုလုပ်၍ရရှိသော ပန်းပုများနှင့် မြန်မာ့အမွေ
အနှစ် လက်ရာမြောက်ပန်းပုများကို စုစည်းပြီး မြန်မာနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ပန်းပုပြတိုက် ထူထောင်မည်
ဖြစ်ကြောင်းသိရသည်။ ၂၀၀၈ ခုနှစ် မေလ၂ ရက်နေ့တွင် တိုက်ခိုက်ခဲ့သော သဘာဝဘေး အန္တရာယ် နာဂစ်
မုန်တိုင်းကြောင့် ပြိုလဲခဲ့သော သစ်ပင်ကြီးများကို စာသင်ခုံများ၊ ပန်းပုရုပ်များ ပြုလုပ်၍ အမှတ်တရ ပြသ
လှူဒါန်းပြီးဖြစ်သည်။ ဆရာစံပလာဇာတွင်လည်း နာဂစ်လွန် ပန်းပုရောင်းပွဲတော်ကိုလည်း ခင်းကျင်း ပြသလျက်
ရှိပြီးဖြစ်သည်။ ထိုမှတစ်ဆင့် ကျန်ရှိနေသော နာဂစ်ဒဏ်သင့် သစ်ပင်ကြီးများကို ပုဂ္ဂလိက ကုမ္ပဏီများ၏ ပံ့ပိုး
မှုဖြင့် ထပ်မံထုလုပ်ပြီး ရှေးဟောင်းမြန်မာ့ပန်းပုများနှင့်အတူ ပန်းပုပြတိုက်ကြီးတစ်ခု ထူထောင်ရန် ကြိုးစားနေ
ကြောင်း မြန်မာနိုင်ငံ ဗဟိုသမ၀ါယမအသင်းမှ ပြောကြားသည်။ ဆက်လက်၍ ပန်းပုထုလုပ်မည့် ကဏ္ဍတွင်
ယခင်စိန်ဂျွန်းဈေးဟောင်းနေရာ ပြည်လမ်းဘေးရှိ မြေကွက်လပ်ချိုင့်ကြီးတွင်ရှိသော သစ်ပင်ကြီးများ၏ အစိတ်
အပိုင်းများကို ပြန်လည်ဆယ်ယူ၍ အနယ်နယ်ရပ်ရှိ ပန်းပုပညာရှင်ကြီးများဖြင့် ထုလုပ်နေကြောင်း သိရသည်။ ထိုသို့ထုလုပ်ရာတွင် မြန်မာမူလက်ရာများကို အဓိကထား ထုလုပ်သွားပြီး သစ်သားတုံး၏ ပုံသဏ္ဍာန်အပေါ် မူတည်၍ အလေအလွင့်နည်းပါးစေရန် သဏ္ဍာန်ကိုလိုက်၍ ထုလုပ်ပုံဖော်သွားမည်ဖြစ်ကြောင်း ပန်းပုပညာရှင်
ကိုလှမြင့်မှ ပြောကြားခဲ့သည်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြိုလဲသွားသော သစ်ပင်ကြီးများကို အမှီပြု၍ ပန်းပု
ပညာရှင်များ ထွက်ပေါ်လာပြီး အလုပ်များစွာရရှိခဲ့သည်ဖြစ်၍ အဆင်ပြေနေကြောင်းသိရသည်။
''ကျွန်တော်တို့ ပန်းပုထုနေပါတယ်။ ဒါပေမယ့်ဗျာ၊ နာဂစ်မုန်တိုင်းကိုတော့ ဘယ်လိုမှမေ့မရတော့ပါဘူး"ဟု ပန်းပုဆရာတစ်ယောက်က ပြောကြားခဲ့သည်။ ပန်းပုပညာရှင်များသည် အနယ်နယ် အရပ်ရပ်မှလာ၍ ထုလုပ်
ပုံဖော်ခဲ့ကြသောကြောင့် ၎င်းတို့၏ပန်းပုရုပ်ထုများသည် နာဂစ်ကိုယ်စားပြု လက်ရာမြောက် ပန်းပုများဖြစ်
ကြောင်း လက်တွေ့မြင်နိုင်ပါသည်။ ကျွန်တော်နာဂစ်အကြောင်းမစဉ်းစားဘဲ သီချင်းအေးအေးလေးနှင့် တခြား
ဒီဇိုင်းများကိုသာ ထုလုပ်သွားခြင်းဖြစ်သည်ဟု ထုလက်စအလုပ်ကိုရပ်၍ ထပြောခဲ့သည်။ ထို့ကြောင့် ပန်းပုများ
သည် ရင်တွင်းခံစားရသော ပုံရိပ်များကို ထုလုပ်ထားခြင်းသည်က အမှန်ပင်ဖြစ်ကြောင်း ၂၀၀၉ခုနှစ်၊ မေလ ၇ရက်နေ့ထုတ် News Week ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source : Net