အခြားဆောင်းပါးများ”
ရွှေနွယ်ရေးသားသော “ကောင်းခြင်းမှ ကြီးကျယ်မြင့်မြတ်ခြင်းသို့နှင့်
အခြားဆောင်းပါးများ”စာအုပ်ကို အခွင့်အလမ်း စာအုပ်တိုက်မှ ဇူလိုင်
လ၂၀၀၇ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဂျာနယ်
နှင့် မဂ္ဂဇင်း များတွင် စီမံခန့်ခွဲမှု၊ ပြုပြင်ရေးနှင့် စီးပွားရေးဆောင်းပါး
များရေးသားနေသော ရွှေနွယ်၏ဆောင်းပါး ပေါင်းချုပ်စာအုပ်ဖြစ်
သည်။ ဆောင်းပါးပေါင်း ၂၈ပုဒ် ပါဝင်ပြီး အများစုမှာ စေ့စပ်ညှိနှုင်းရေး
နှင့်ပတ်သတ်သော ဆောင်းပါးများဖြစ်သည်။ မိမိသည် မည်သို့သော
ခေါင်းဆောင်၊ မန်နေဂျာ၊ ပေါင်းသင်းဆက်ဆံ တတ်သူဖြစ်ကြောင်း
သရုပ်ခွဲထားသော စတိုင်လ်ရှာဖွေခြင်း ဆောင်းပါးများမှာလည်း
စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ဆောင်းပါးအချို့တွင်မေးခွန်းများဖြေဆိုစေပြီး မိမိအကြောင်းကို ထုတ်ဖော်သိစေသဖြင့် စိတ်ဝင်စားဖွယ်ကောင်းပါသည်။ အပေးအယူ
ပက်သတ်၍ရေးသော ဆောင်းပါးများကလည်း စိတ်ဝင်စားဖွယ်
ကောင်းပါသည်။ စာမျက်နှာပေါင်း ၁၉၃ မျက်နှာ ပါဝင်၍ အုပ်ရေ
၅၀၀ ထုတ်ဝေပြီး စာအုပ်တန်ဖိုးမှာ ၁၅၀၀ ကျပ် ဖြစ်ပါသည်။
Source : Khit Luu Nge