သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြ
သော ဆောင်းခိုငှက် တစ်မျိုးဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်းငှက်(Spoon-Billed
-Sandpiper)အား မြန်မာနိုင်ငံတွင် ရှာ
ဖွေ သုတေသနပြုမည့်လုပ်ငန်းကိုစတင်
နေပြီဖြစ်ကြောင်း သိရသည်။ ၂၀၀၇
ခုနှစ်တွင်းက ကနဦးအနေနှင့် ၎င်းငှက်
များနေထိုင်ရာ ဒေသရင်းဖြစ်သော
ရုရှားနိုင်ငံမှ မုတ္တမကွေ့နေရာများတွင်
လေ့လာရှာဖွေခဲ့ရာ အကောင်ရေ ၈၀
ကျော်အထိ တွေ့ရှိခဲ့ရသဖြင့်မြန်မာနိုင်ငံ
သည် ရေညှောင့်နှုတ်ဝိုင်းငှက် ထိန်း
သိမ်းရန် အကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခဲ့ကြသည်။ ရေညှောင့်နှုတ်ဝိုင်းငှက်သည် မျိုးသုဉ်း
ပျောက်ကွယ်တော့မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် မျိုးစိတ်တစ်ခုဖြစ်သည်။ ရေညှောင့်နှုတ်ဝိုင်း
ငှက်ရှာဖွေလေ့လာရေးကို ရုရှားပညာရှင်များနှင့်အတူ မြန်မာနိုင်ငံမှ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း(BANCA)နှင့် မြန်မာငှက်နှင့် သဘာ၀၀န်းကျင် ထိန်းသိမ်းရေးအသင်း
တို့ ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် 7 Day Newsဂျာနယ်တွင် ဖော်ပြထားသည်။