Friday, August 5, 2011

အလင်းဆာသူများ



အလင်းဆာသူများ

တစ်ညလုံး...
စုံးစုံးမြုပ်နေတဲ့
အမှောင်ထဲကနေ
အလင်းရောင်ဆိုတာကို ရော်ရီမှန်း
မြင်ယောင်တမ်းတနေမိတယ်... ။

ဒီလိုနဲ့ ...
အလင်းတွေ ရောင်နီသန်းလာတော့လည်း
အမှောင်ကိုတစ်ခါ ယောင်ကာယမ်း
ပြန်လည်တမ်းတနေမိဆဲ...
ဝမ်းနည်းဝမ်းသာ အခါခါ
ဘာဝေဒနာဆိုတာ တကယ်မသိ... ။

အမှောင်ဖုံးလို့ 
အလင်းကို ကုန်းရုန်းရှာတာလား... ?
အလင်းရောက်တော့လည်း
အမှောင်ကို ပျောက်မှာစိုးတာလား... ?
ဘာတွေကများ ကမ္ဘာမှာ
အယောင်ဆောင် ထွန်းလင်းနေပါလိမ့်... ။

အလင်းဆာနေသူ လူတွေကြားထဲ
ငါလည်းပဲ...
ဆက်လက်ရှာဖွေချင်မိတယ်
မည်းမည်းမှောင်မှောင်
လင်းလင်းကျင်းကျင်း
တကယ်စစ်တဲ့ အလင်းသစ်တွေကို... ။ ။

နေ၀န်းနီ