SUN - TAR YAR MINN WAI
နေ
ကြယ်ကလေးတွေ
စိုးစီ စိုးစီနဲ့ပဲ
ငါ နိုးခဲ့ရ…။
မှော်ဆရာရဲ့ လွယ်အိတ်ထဲက
လွက်ထွက်လာတဲ့ နေလုံးလို
တစ်တောင်ပြီးတစ်တောင် နီလဲ့ခဲ့ရ…
ငါ ပျော်တယ်…
ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေ ပျော်တာကို
ကြည့်ပြီးတော့လည်း
ငါ ပျော်တယ်... ။
ငါဟာ... ဘယ်တော့မှ
တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်... ။ ။
တာရာမင်းဝေ