ကဗျာဆရာ
ကဗျာဆရာရဲ့ရင်ဘတ်လောက်
ဟောဒီ လောကဓံတရားအောက်မှာ
ဆူးတွေ ဒလဟောနဲ့
ခြစ်ရှထားတာ မရှိပါဘူးတဲ့... ။
ဘယ်သူပြောလဲ... မမေးနဲ့
ကဗျာဆရာရဲ့ရင်တွင်းတံခါးဆိုတာ
တကူးတက ခေါက်စရာမလိုပဲ
သူ့အလိုလို ဟာလာဟင်းလင်း
ခင်းကျင်းပြီး ဖွင့်ထားတာပါ...
မယုံရင် ၀င်ကြည့်သွားလို့ရတယ်။
အခုချိန်ထိ...
ရေဆိပ်နား ရေချိုးသွားရင်
ဆပ်ပြာတိုက်လိုက်တိုင်း စပ်ဖျင်းဖျင်းနဲ့
ဘ၀ရဲ့ဒဏ်ရာဒဏ်ချက်တွေက
ပြင်းပြင်းရှရှ ဖူးပွင့်ဝေဆာနေလိုက်တာ...
လူတစ်ကိုယ်လုံး
ရစ်သမ်တွေ ကွဲအက်လို့... ။ ။
နေ၀န်းနီ
ကဗျာဆရာရဲ့ရင်ဘတ်လောက်
ဟောဒီ လောကဓံတရားအောက်မှာ
ဆူးတွေ ဒလဟောနဲ့
ခြစ်ရှထားတာ မရှိပါဘူးတဲ့... ။
ဘယ်သူပြောလဲ... မမေးနဲ့
ကဗျာဆရာရဲ့ရင်တွင်းတံခါးဆိုတာ
တကူးတက ခေါက်စရာမလိုပဲ
သူ့အလိုလို ဟာလာဟင်းလင်း
ခင်းကျင်းပြီး ဖွင့်ထားတာပါ...
မယုံရင် ၀င်ကြည့်သွားလို့ရတယ်။
အခုချိန်ထိ...
ရေဆိပ်နား ရေချိုးသွားရင်
ဆပ်ပြာတိုက်လိုက်တိုင်း စပ်ဖျင်းဖျင်းနဲ့
ဘ၀ရဲ့ဒဏ်ရာဒဏ်ချက်တွေက
ပြင်းပြင်းရှရှ ဖူးပွင့်ဝေဆာနေလိုက်တာ...
လူတစ်ကိုယ်လုံး
ရစ်သမ်တွေ ကွဲအက်လို့... ။ ။
နေ၀န်းနီ