ခေတ်တစ်ခတ်ရဲ့လမ်း
ဟောဒီ ခေတ်ကြီးထဲ
ကျုပ်တို့အမျိုးတွေ
ခြေသွက်လက်သွက်နိုင်လိုက်ပုံများ
လူတွေကလည်း ခရီးသွား
နိုင်ငံခြားမှ နိုင်ငံခြား
ဆန်တွေ ဆီတွေ
သားငါးတွေကလည်း ခရီးသွား
နိုင်ငံခြားမှ နိုင်ငံခြား
မြစ်တွေ ချောင်းတွေ
တောတောင်တွေကလည်း ခရီးသွား
နိုင်ငံခြားမှ နိုင်ငံခြား... ။
ခေတ်ကြီးကို ကျုပ်တို့က
သယ်ဆောင်ဖို့နေနေသာသာ
ခေတ်ကြီးကသာ ကျုပ်တို့ကို
ယူဆောင်သွားလိုက်တာ...
တကတည်း
ပြောပြန်ရင်လည်း
ဂျမ်းဘုံလွန်ရာ ကျမယ်...
အင်း... ဘာပဲဖြစ်ဖြစ်
ဒီခေတ်ကြီးထဲမှာ ဒီလိုပဲ
စမ်းတ၀ါးဝါး လျှောက်လှမ်းနေရဦးမှာပဲလေ... ။
အရင်တုန်းက
ဆင်သွားရင် လမ်းဖြစ်ဆိုတဲ့ စကား
အခုခေတ်မှာများ
ဆန်းသစ်တီထွင်လိုက်ရတော့မတဲ့လား...
အို... သူငယ်ချင်းရယ်...
နင်တို့ငါတို့သွားတော့...
စခန်းသစ်ကိုရော ရောက်ကြရဲ့လား
မေးစမ်းပါရစေ... တဲ့
အလို... ပိုနေမြဲ ကြားနေမြဲ
ဒုံရင်းက ဒုံရင်းပဲပေါ့အေ... ။
အဲဒီကြားထဲ ပါးလျားသွားတာက
အိပ်မက်တွေ အချိန်တွေ
အနာဂတ်တွေ စိတ်ဓာတ်တွေ
ဘ၀တွေ အလှတွေ
ပျိုမျစ်မှုတွေ လန်းဆန်းမှုတွေ...
ယဉ်ကျေးမှုတွေ...
အို စုံလို့ပါပဲ အမေရယ်တဲ့... ။
သမီးတို့ကပဲ ပညာမတတ်လို့လား
သူတို့ကပဲ ကြင်ယာငတ်ကြလို့လား မသိ... တဲ့
လူကုန်ကူးခံရတဲ့ သမီးငယ်တစ်ယောက်
နွမ်းလျပြီး အိမ်ကိုပြန်အရောက်မှာ
တောပန်းလေးတစ်ပွင့်လို
ကြွေကျသံ ကြားလိုက်ရတယ်... ။
သားတို့ဆီက
တစ်နှစ်မှ တစ်ခါ
ရှားရှားပါးပါး လာတဲ့စာ
ဒီတစ်ခါ ရေးထားတာကလည်း
အမေရေ...
အိုဗာစတေးအတွက် ပေးစရာရှိတာပေး
အကြွေးလေးတွေ ဆပ်စရာရှိတာဆပ်နဲ့
ဘ၀နဲ့လောင်းကြေးထပ်ပြီး
နေထိုင်လုပ်ကိုင်နေကြရပေမယ့်
လခက ရသမျှ အားလုံးကုန်လို့
သားတို့တတွေ ဒီမှာ အခက်တွေ့
အမေတို့ဆီ ငွေပို့နိုင်မယ့်နေ့က
ဝေလာဝေးပေါ့ အမေရယ်... တဲ့။
သြော်...
ကျုပ်တို့ဘ၀တွေကိုများ
ဘယ်သူတွေက မရိုးမသား
စည်းတွေတား ခြားနားထားခဲ့လေသလဲ...
ဒီလို မိသားစုဝင်တွေရဲ့
ရင်ကွဲပက်လက်လမ်းဆုံဆိုတာ
ဟောဒီက မိဂျမ်းဘုံတစ်ယောက်ထဲ
ရပ်နေရတာ မဟုတ်တာကတော့
သေချာပါတယ်လေ... ။ ။
ခါတော်မီ
ဟောဒီ ခေတ်ကြီးထဲ
ကျုပ်တို့အမျိုးတွေ
ခြေသွက်လက်သွက်နိုင်လိုက်ပုံများ
လူတွေကလည်း ခရီးသွား
နိုင်ငံခြားမှ နိုင်ငံခြား
ဆန်တွေ ဆီတွေ
သားငါးတွေကလည်း ခရီးသွား
နိုင်ငံခြားမှ နိုင်ငံခြား
မြစ်တွေ ချောင်းတွေ
တောတောင်တွေကလည်း ခရီးသွား
နိုင်ငံခြားမှ နိုင်ငံခြား... ။
ခေတ်ကြီးကို ကျုပ်တို့က
သယ်ဆောင်ဖို့နေနေသာသာ
ခေတ်ကြီးကသာ ကျုပ်တို့ကို
ယူဆောင်သွားလိုက်တာ...
တကတည်း
ပြောပြန်ရင်လည်း
ဂျမ်းဘုံလွန်ရာ ကျမယ်...
အင်း... ဘာပဲဖြစ်ဖြစ်
ဒီခေတ်ကြီးထဲမှာ ဒီလိုပဲ
စမ်းတ၀ါးဝါး လျှောက်လှမ်းနေရဦးမှာပဲလေ... ။
အရင်တုန်းက
ဆင်သွားရင် လမ်းဖြစ်ဆိုတဲ့ စကား
အခုခေတ်မှာများ
ဆန်းသစ်တီထွင်လိုက်ရတော့မတဲ့လား...
အို... သူငယ်ချင်းရယ်...
နင်တို့ငါတို့သွားတော့...
စခန်းသစ်ကိုရော ရောက်ကြရဲ့လား
မေးစမ်းပါရစေ... တဲ့
အလို... ပိုနေမြဲ ကြားနေမြဲ
ဒုံရင်းက ဒုံရင်းပဲပေါ့အေ... ။
အဲဒီကြားထဲ ပါးလျားသွားတာက
အိပ်မက်တွေ အချိန်တွေ
အနာဂတ်တွေ စိတ်ဓာတ်တွေ
ဘ၀တွေ အလှတွေ
ပျိုမျစ်မှုတွေ လန်းဆန်းမှုတွေ...
ယဉ်ကျေးမှုတွေ...
အို စုံလို့ပါပဲ အမေရယ်တဲ့... ။
သမီးတို့ကပဲ ပညာမတတ်လို့လား
သူတို့ကပဲ ကြင်ယာငတ်ကြလို့လား မသိ... တဲ့
လူကုန်ကူးခံရတဲ့ သမီးငယ်တစ်ယောက်
နွမ်းလျပြီး အိမ်ကိုပြန်အရောက်မှာ
တောပန်းလေးတစ်ပွင့်လို
ကြွေကျသံ ကြားလိုက်ရတယ်... ။
သားတို့ဆီက
တစ်နှစ်မှ တစ်ခါ
ရှားရှားပါးပါး လာတဲ့စာ
ဒီတစ်ခါ ရေးထားတာကလည်း
အမေရေ...
အိုဗာစတေးအတွက် ပေးစရာရှိတာပေး
အကြွေးလေးတွေ ဆပ်စရာရှိတာဆပ်နဲ့
ဘ၀နဲ့လောင်းကြေးထပ်ပြီး
နေထိုင်လုပ်ကိုင်နေကြရပေမယ့်
လခက ရသမျှ အားလုံးကုန်လို့
သားတို့တတွေ ဒီမှာ အခက်တွေ့
အမေတို့ဆီ ငွေပို့နိုင်မယ့်နေ့က
ဝေလာဝေးပေါ့ အမေရယ်... တဲ့။
သြော်...
ကျုပ်တို့ဘ၀တွေကိုများ
ဘယ်သူတွေက မရိုးမသား
စည်းတွေတား ခြားနားထားခဲ့လေသလဲ...
ဒီလို မိသားစုဝင်တွေရဲ့
ရင်ကွဲပက်လက်လမ်းဆုံဆိုတာ
ဟောဒီက မိဂျမ်းဘုံတစ်ယောက်ထဲ
ရပ်နေရတာ မဟုတ်တာကတော့
သေချာပါတယ်လေ... ။ ။
ခါတော်မီ