* ကြယ်တောက်တဲ့ည*
ကြယ်တွေ...
ကိုယ်ရောင်ဖျောက်တဲ့
ညမှာ
ကြယ်တွေများ...
တဒင်္ဂ
ဘယ်ဆီကို
ကြွေဆင်းသွားကြလေသလဲလို့
စိတ်ရယ်စော
ဘ၀င်အမောမှာ
စိုးထိတ်ပူမိ... ။
ကြယ်တွေ...
ကိုယ်ရောင်တောက်တဲ့
ညမှာ
ကြယ်တွေစကား...
အစဉ်ထာဝရ
စိတ်တံခါး
ပုတ်ခတ်လှုပ်နိုးလို့
ကောင်းကင်ပင်လယ်ပြင်ကြီးထဲ
ကြယ်လှေတွေ ခရီးထွက်တာ
မြင်မိတယ်... ။
လှိုင်းထန် လေကြမ်း
ဘယ်လိုပင်...
ဘ၀ခရီးလမ်းတွေ
ဆန်းပြားစမ်းပါစေ...
ဒီ လောကတစ်ခွင်
ကြယ်ရောင်တွေ
ထွန်းတောက်စွာ လင်း
ဘ၀အခင်းအကျင်းဆိုတာ
မင်းတို့လက်ထဲက
လှော်တက်ကိုသာ
ပြင်းပြင်းခတ်လိုက်စမ်းပါ
သူငယ်ချင်းတို့ရေ... ။ ။
(ကဗျာရေးသူ *လင်းလက်တာရာ*နှင့် ကဗျာရေးသူ *ဆူးရဲ*
ညီငယ်မိတ်ဆွေသူငယ်ချင်းများအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)
နေ၀န်းနီ
နံနက် ၁း၄၅
၃.၉.၂၀၁၃