Tuesday, September 3, 2013

* မြစ်ဆိပ် *

အဲဒီနေ့ ခင်းက
ငါက နွားခြေရာတွေပေါ် တက်နင်း
နွားတွေက ငါ့ခြေရာကို ပြန်နင်းတက်
မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ... ။

နွားတွေက ဦးဆောင်နေတာလား...
လူတွေက ဦးဆောင်နေတာလား... ။

နှင်တံကို ထောက်မီလို့
နောက်ယို့ပြီး ကျန်ခဲ့တာ
လမ်းပေါ်က
င့ါ... ရုပ်ပုံ
မှုန်ရာက လင်းလာတော့
အိုမင်းဖို့မြန်ဆန်လိုက်တာ... ။

နောက်ဆုံးတော့ ငါလည်း
ငတ်ငတ်နဲ့...
နွားတွေလို
ရေဆင်းသောက်တာပါပဲ... ။ ။

အောင်ပွင့်

*(ဆရာ မောင်သာချို (ဂျက်ကွမ်းခြံကုန်း) စာပေဟောပြောပွဲတွေမှာ ထည့်သွင်းဟောပြောတဲ့
ဆရာ `မောင်အောင်ပွင့်´ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဖတ်ရင်း တွေးရင်း... တွေးရင်း ဖတ်ရင်းနဲ့
အရမ်းကို လှလွန်းလို့မျှဝေလိုက်ပါတယ်။)

NWN