* နောက်ဆုံးအိပ်မက် *
အိပ်မက်ဆိုတာ
တစ်ခုမက...
သမုဒယနဲ့နွယ်တဲ့သူတိုင်း
မက်ဖူးကြတယ်... ။
ယုယရယ် ကြင်နာရယ်...
နွေးထွေးရယ် ထွေးပိုက်ရယ်နဲ့
မျက်ရည်လမ်းလည်း စမ်းဖြစ်စေခဲ့သလို
ပန်းပွင့်တိုင်းလည်း လန်းတင့်စေခဲ့တယ်... ။
ဒီလိုပါပဲ...
သောကနဲ့ဆုံ မောဟရယ်ကြုံတော့လည်း
ဝမ်းနည်းတစ်ခါ ပူဆွေးတစ်လှည့်
အတွေးယဲ့ယဲ့လေးနဲ့ ခရီးဆက်
အိပ်ရာဝင်အိပ်မက် လုပ်ခဲ့ရတယ်.. ။
အကောင်းအဆိုး ဒွန်တွဲနေတဲ့
သံသရာမှာ...
အိပ်မက်တွေ အဖန်ဖန်အခါခါ
ငါ... မက်ခဲ့ပေမင့်
တကယ်တမ်း မက်ခွင့်ရရင်ဖြင့်
ပျောက်ဆုံးနေတဲ့ ဘ၀တစ်ခုကိုသာ
နောက်ဆုံးအနေနဲ့...
ငါ... မက်ပါရစေ။ ။
နန္ဒဇော်
အိပ်မက်ဆိုတာ
တစ်ခုမက...
သမုဒယနဲ့နွယ်တဲ့သူတိုင်း
မက်ဖူးကြတယ်... ။
ယုယရယ် ကြင်နာရယ်...
နွေးထွေးရယ် ထွေးပိုက်ရယ်နဲ့
မျက်ရည်လမ်းလည်း စမ်းဖြစ်စေခဲ့သလို
ပန်းပွင့်တိုင်းလည်း လန်းတင့်စေခဲ့တယ်... ။
ဒီလိုပါပဲ...
သောကနဲ့ဆုံ မောဟရယ်ကြုံတော့လည်း
ဝမ်းနည်းတစ်ခါ ပူဆွေးတစ်လှည့်
အတွေးယဲ့ယဲ့လေးနဲ့ ခရီးဆက်
အိပ်ရာဝင်အိပ်မက် လုပ်ခဲ့ရတယ်.. ။
အကောင်းအဆိုး ဒွန်တွဲနေတဲ့
သံသရာမှာ...
အိပ်မက်တွေ အဖန်ဖန်အခါခါ
ငါ... မက်ခဲ့ပေမင့်
တကယ်တမ်း မက်ခွင့်ရရင်ဖြင့်
ပျောက်ဆုံးနေတဲ့ ဘ၀တစ်ခုကိုသာ
နောက်ဆုံးအနေနဲ့...
ငါ... မက်ပါရစေ။ ။
နန္ဒဇော်
(စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၁၊ ဇူလိုင်လ၊ ၂၀၁၂။)